သာပေါင်း ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကုန်စျေးနှုန်းထိန်းညှိလျော့ချရေးကော်မတီအဖွဲ့နှင့် ဖြန့်ဖြူးရောင်းချရေး ကြီးကြပ်မှုကော်မတီတို့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဆီကုန်သည်များနှင့် မြို့နယ် ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်း၍ ဝန်ထမ်းများအား ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတွင် စားအုန်းဆီ တစ်ပိဿာ(၈၄၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်ကုန်စျေးနှုန်း ထိန်းညှိလျော့ချရေးလုပ်ငန်းစဉ်၌ ပါဝင်သော စားအုန်းဆီဈေးတည်ငြိမ်ကျဆင်းရေးအတွက် ကုန်စျေးနှုန်းထိန်းညှိလျော့ချရေးကော်မတီအဖွဲ့နှင့် ဖြန့်ဖြူးရောင်းချရေး ကြီးကြပ်မှု ကော်မတီတို့ အလေးထားဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းများ သက်သာချောင်ချိရေး တစ်ရပ်အနေဖြင့် ပထမအသုတ်အနေဖြင့်(၁၀၊၁၊၂၀၂၅)ရက်နေ့က ဝန်ထမ်း(၇၇၀)ဦးတို့ကို စားအုန်းဆီ(၁)ပိဿာ သက်မှတ် ရည်ညွှန်းဈေး(၈၄၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ ဦးစီးမှူး၊ မြို့နယ်ကုန်စျေးနှုန်းထိန်းညှိလျော့ချရေးကော်မတီ အတွင်းရေးမှူး ဦးထွန်းမင်းလက်ထံမှ သိရသည်။
သိန်းမြင့်မျိုးဦး