ရွှေတောင်မြို့နယ် အမှတ်(၁)အထည်စက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အမှတ်(၁)အထည်စက်ရုံတွင် ယနေ့နံနက်ပိုင်းက မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး)၌ စာသင်ကျောင်းများ မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး)တွင် မီးဘေးလုံခြုံရေးလုပ်ငန်းတာဝန်များ နားလည်သဘောပေါက်ပြီး အရေးပေါ်မီးလောင်မှုဖြစ်ပွားပါက စနစ်တကျဆောင်ရွက်တတ်စေရန်၊ မီးသတ်ဦးစီးဌာန၏ မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းသတ်ခြင်းဆိုသော မြန်(၃)မြန်စနစ်အား အထောက်အကူဖြစ်စေရန် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး)အောင်ဆန်းခန်းမ၌ ကျင်းပသည်။

ဟင်္သာတမြို့နယ်၌ ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များအလိုက် MSME ဒေသထွက်ကုန်ပြပွဲနှင့် ပြိုင်ပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့ရှိ မြို့တော်ခန်းမ၌ ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များအလိုက် MSME ဒေသထွက်ကုန်ပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း လူသုံးကုန်ပစ္စည်းများရောက်ရှိလာမှုအား သွားရောက်ကြည့်ရှုစစ်ဆေး၊ ဌာနဆိုင်ရာရုံးများ လှည့်လည်ကြည့်ရှု၊ ဝန်ထမ်းများနှင့်တွေ့ဆုံ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ သင်္ဘောများဖြင့် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိရာ စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းတွင် အမ်ဗွီတော်ဝင်သီရိသင်္ဘောနှင့် အမ်ဗွီအောင်ရတနာဝင်းသင်္ဘောတို့ဖြင့် ရန်ကုန်မြို့မှ ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။

ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။

အခြေခံပညာမူလတန်းကျောင်း(နောင်ဟူး)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်၊ တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက အခြေခံပညာမူလတန်းကျောင်း(နောင်ဟူး)၌ ကျင်းပခဲ့သည်။

ပဲခူးမြို့၊ ကလျာဏီရပ်ကွက်၊ (၅)လမ်းတွင် ရေခဲသေတ္တာနှင့် သွယ်တန်းထားသော မိန်းထုပ်မှ အပူလွန်ကဲပြီး နေအိမ်(၂)လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား

ပဲခူးမြို့၊ ကလျာဏီရပ်ကွက်၊ (၅)လမ်းတွင် ယနေ့နံနက်(၀၀:၃၅)နာရီအချိန်ခန့်က ရေခဲသေတ္တာနှင့် သွယ်တန်းထားသော မိန်းထုပ်အပူလွန်ကဲရာမှ နေအိမ်(၂)လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

ပေါင်းတည်၌ သုခမင်္ဂလာကုမ္ပဏီ(MMU) အထူးကုနယ်လှည့်အဖွဲ့ ရွေ့လျားဆေးကုသယာဥ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်လူမှုဖူလုံရေးအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၌ ဆုတောင်းပြည့်‌မယ်လမုစေတီတော်ကြီးတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ဆုတောင်းပြည့်မယ်လမုစေတီတော်ကြီးတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန် ဆုတောင်းပြည့်မယ်လမုစေတီတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရွှေသောင်ယံမြို့ အခြေခံပညာမူလတန်းကျောင်းများတွင် ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အခြေခံပညာ မူလတန်းကျောင်း (၅) ကျောင်းတွင် ယနေ့နံနက် (၉) နာရီခွဲအချိန်က ကျောင်းအခြေပြုတီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းများကို ကျန်းမာရေးဆရာမများမှ လိုက်လံဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
Subscribe to