ရွှေသောင်ယံ ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အခြေခံပညာ မူလတန်းကျောင်း (၅) ကျောင်းတွင် ယနေ့နံနက် (၉) နာရီခွဲအချိန်က ကျောင်းအခြေပြုတီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းများကို ကျန်းမာရေးဆရာမများမှ လိုက်လံဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကျောင်းအခြေပြုတီဘီရောဂါကွင်းဆင်းရှာဖွေရာတွင် ရွှေသောင်ယံမြို့ သပေါ့ကန် ကျေးလက်ကျန်းမာရေးဌာနခွဲရှိ ကျန်းမာရေး ဆရာမများ၊ ရွှေသောင်ယံမြို့ကျေးလက်ကျန်းမာရေးဌာနခွဲရှိဆရာမများမှ ရွှေသောင်ယံမြို့ရှိ အ.မ.က (၁၁၂) ၊ အ.မ.က (၇၉) ၊ အ.မ.က (၁၈၃) ၊ အ.မ.က (၁၃၀) ၊ အ.မ.က (၁၉၀) စသည့်မူလတန်းကျောင်း (၅) ကျောင်းသို့ သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သို့ရာတွင် ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါနှင့်ပတ်သက်၍ မေးမြန်းရာ ချောင်းဆိုးခြင်းရှိမရှိ၊ ရက်သတ္တ (၂) ပတ်ထက်ကျော်လွန်၍ ချောင်းဆိုးခြင်းရှိမရှိ တီဘီရောဂါဖြစ်နေသူများ၊ တီဘီဆေးသောက်နေသူများနှင့်ဆက်စပ်မှုရှိမရှိစသည်ဖြင့် တီဘီရောဂါလက္ခဏာသံသယဖြစ်ဖွယ်များတို့ကို စစ်ဆေးပေးခဲ့ကြကြောင်း သိရသည်။
ရွှေသောင်ယံ (ပြန်/ဆက်)