သထုံမြို့၊ အ.မ.က(ဘူတာ)ကျောင်း၌ ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းအစီအစဉ်များ ဆောင်ရွက်
မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ(ဘူတာ) အခြေခံပညာမူလတန်းကျောင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၊ ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်း အစီအစဉ်အရ တီဘီရောဂါစစ်ဆေးရှာဖွေ ဖော်ထုတ်ခြင်းကို ယနေ့နံနက်က သထုံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။