ပေါင်းတည် ဇန်နဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်လူမှုဖူလုံရေးအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်အနေဖြင့် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမား ၇၁၄ ဦးအား မြို့နယ်လူမှုဖူလုံရေးအဖွဲ့နှင့် သက်ဆိုင်ရာဆရာဝန်များက ဓါတ်ခွဲစမ်းသပ်မှုများ ဆောင်ရွက်ပေးရာ နာမည်စာရင်းရေးသွင်းပြီး B.P/Height/ Weight ချိန်ခြင်း၊ Computer စာရင်းသွင်းခြင်း၊ ဆရာဝန်ပြသခြင်း၊ ဆေးဝါးများထုတ်ပေးခြင်း၊ သွေးဖောက်စစ်ဆေးခြင်းနှင့် E.C.G ဆွဲခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ရွှေသား (ပြန်/ဆက်)