ကျိုက်လတ်မြို့နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦးဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ဇန်နဝါရီ (၁၃)ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး ယမန်နေ့နံနက်(၉)နာရီအချိန်၌ မုခ်ဦးဖွင့်ပွဲကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါ်ယဉ်ဆွေဝင်း၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးတင်လင်းတို့က ဖျာပုံခရိုင်နှင့် ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ ခြံရံလျက် မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

မိတ္ထီလာမြို့နယ်ရှိ ဆေးဆိုင်များအား ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချစနစ်များ၊ စံမညီဆေးဝါးများ၊ သက်တမ်းကုန်ဆေးဝါးများ၊ စပ်ဆေးများရောင်းချခြင်းရှိ/ မရှိနှင့် သတ်မှတ်ချက်များ ကိုက်ညီမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူး ရောင်းချစနစ်များ၊ စံမညီဆေးဝါးများ၊ သက်တမ်းကုန်ဆေးဝါးများ၊ စပ်ဆေးများရောင်းချခြင်းရှိ/ မရှိနှင့် သတ်မှတ်ချက်များ ကိုက်ညီမှုရှိ/ မရှိ အခြေအနေများအား ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်းများ တည်ဆောက်ခြင်းလုပ်ငန်းများအတွက် ရန်ပုံငွေပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်းများ တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများအတွက် ရန်ပုံငွေပေးအပ်ခြင်းအခမ်းအနား ကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်ဝန်ကြီးချုပ်ရုံးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းများမှ ဆရာတော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တနင်္သာရီမြို့နယ် Community Centre ခန်းမအတွင်း၌ သတင်းရေးသားပေးပို့နည်းသင်တန်း ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း၌ ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်း(၄)ဦးတို့အား သတင်းလုပ်ငန်းကို တတ်ကျွမ်းနားလည်ပြီး ရေးသားပေးပို့တတ်စေရန် ရည်ရွယ်၍ သတင်းရေးသားပေးပို့နည်း သင်တန်းကို စာတွေ့/လက်တွေ့ ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်၌ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုဆပ်ကော်မတီဝင်ဌာနများမှ တာဝန်ရှိသူများ ဥတ္တရသီရိမြို့နယ်၌ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ် ကျန်းမာရေးဌာနမှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို ကျန်းမာတက်ကြွသော ဘဝရရှိစေရန်အတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုကို အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ မြို့သစ်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ သံဃာတော်များ ဆေးကုသဆောင်၌ ယနေ့ နံနက်ပိုင်းက ပုံမှန်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး  “လူငယ်စကားဝိုင်း”ကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းဝင်းအတွင်း ကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ် အိုင့်ကျယ်ကျေးရွာတွင် စာကြည့်တိုက်အဆောက်အဦသစ် ၅၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အိုင့်ကျယ်ကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့် ဆောက်လုပ်ခဲ့သည့် စာကြည့်တိုက်အဆောက်အဦသစ်ကို သက်ဆိုင်ရာတာဝန်ရှိများက ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃၁ ရက် နံနက်ပိုင်းမင်္ဂလာအချိန်တွင် ပန္နက်တင်ပေးခဲ့ပြီး စတင်ဆောက်လုပ်ခဲ့ရာ ယမန်နေ့နံနက်ပိုင်းထိ ၅၀ ရာခိုင်နှုန်းဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

မိုင်းကိုင်မြို့နယ်၌ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဥပဒေအကြောင်း ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြိုနယ်၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က နိုင်ငံတော်မှပြဋ္ဌာန်းခဲ့သည့် ဆိုက်ဘာလုံခြုံရေးဥပဒေနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ဆိုက်ဘာလုံခြုံရေးဆိုင်ရာဥပဒေအကြောင်း ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to