ဟင်္သာတမြို့နယ်၌ ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များအလိုက် MSME ဒေသထွက်ကုန်ပြပွဲနှင့် ပြိုင်ပွဲများကျင်းပ

ဟင်္သာတ ဇန်နဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့ရှိ မြို့တော်ခန်းမ၌ ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များအလိုက် MSME ဒေသထွက်ကုန်ပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် ဟင်္သာတမြို့နယ်မှ ဒေသထွက်ကုန် ဆိုင်ခန်းပေါင်း(၁၀)ခန်း၊ ဇလွန်မြို့နယ်မှ ဒေသထွက်ကုန်ဆိုင်ခန်းပေါင်း(၄)ခန်း၊ လေးမျက်နှာမြို့နယ်မှ ဒေသထွက်ကုန် ဆိုင်ခန်းပေါင်း (၅)ခန်းတို့ဖြင့် ပြသရောင်းချယှဉ်ပြိုင်လျက်ရှိရာ ၎င်းပြပွဲနှင့်ပြိုင်ပွဲသို့ ဟင်္သာတ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝင်းမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဟင်္သာတမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌဦးညွန့်ဆန်းထွန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား/သူများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၄၀၀)ဦးခန့်တို့မှ လာရောက်ကြည့်ရှုလေ့လာဝယ်ယူအားပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)