ရွှေတောင်မြို့နယ် အမှတ်(၁)အထည်စက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ဆောင်ရွက်

ရွှေတောင် ဇန်နဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အမှတ်(၁)အထည်စက်ရုံတွင် ယနေ့နံနက်ပိုင်းက မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ရာတွင် ရွှေတောင်မြို့နယ်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးထက်နိုင်ဦး ဦးဆောင်၍ ရွှေတောင်မြို့နယ် အမှတ်(၁)အထည်စက်ရုံအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ စက်ရုံအတွင်း မီးဘေးလုံခြုံရေးအတွက် ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်း၊ မီးဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း မီးသတ်ဆေးဘူးများဖြင့် ကိုယ်တိုင်လက်တွေ့ငြှိမ်းသတ်ခြင်း၊ မီးငြှိမ်းသတ်ယာဥ်များဖြင့် ရေထွက်သရုပ်ပြသခြင်းများကို စက်ရုံသီးသန့်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဇာတ်တိုက်သရုပ်ပြခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ ဆက်)