လှည်းကူး ဇန်နဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး)တွင် မီးဘေးလုံခြုံရေးလုပ်ငန်းတာဝန်များ နားလည်သဘောပေါက်ပြီး အရေးပေါ်မီးလောင်မှုဖြစ်ပွားပါက စနစ်တကျဆောင်ရွက်တတ်စေရန်၊ မီးသတ်ဦးစီးဌာန၏ မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းသတ်ခြင်းဆိုသော မြန်(၃)မြန်စနစ်အား အထောက်အကူဖြစ်စေရန် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး)အောင်ဆန်းခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးခင်ဇော်က အဖွင့်အမှာစကားပြောကြားပြီး လှည်းကူးမြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးယုလွင်က ကျောင်းသား/ ကျောင်းသူများအား မီးဘေးအန္တရာယ်အသိပညာပေးဟောပြောပြီးနောက် အ.ထ.က(လှည်းကူး)ကျောင်းအုပ်ဆရာမကြီးဒေါ်တင်တင်မာက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် မီးသတ်ဦးစီးမှူးဦးယုလွင်နှင့်သန္ဓေတပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေး၊
မီးငြှိမ်းသတ်ရေးနည်းစနစ်၊ ဂတ်(စ်)မီးလောင်မှုငြှိမ်းသတ်ခြင်း၊ ဆီမီးလောင်မှုငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုငြှိမ်းသတ်ခြင်းများကိုကျောင်းသား/သူများအား လက်တွေ့သရုပ်ပြသခဲ့ကြောင်းသိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)