မဟာအောင်မြေ ဧပြီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂)ရပ်ကွက်၌ မသန်းစွမ်းသူများအား ထောက်ပံ့ငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက 62 Hotel တွင် ကျင်းပသည်။
ဦးစွာ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်က ကိုယ်အင်္ဂါ၊ အမြင်အာရုံ၊ အကြားအာရုံ၊ ဉာဏ်ရည်မသန်းစွမ်းသူများအား စားဝတ်နေရေးအဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ 62 Hotel နှင့် 62 R.O သောက်ရေသန့် မိသားစုမှ မသန်းစွမ်းသူ (၁၅၂) ဦးအား တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှင့် ရေ၊ မုန့်များ ထောက်ပံ့လှူဒါန်းသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးမသန်းစွမ်းသူများအသင်းဥက္ကဋ္ဌ ဦးစိုင်းအောင်ထက်နှင့် အမှုဆောင်များ၊ မဟာမြိုင်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်၊ 62 Hotel နှင့် 62 R.O သောက်ရေသန့်ပိုင်ရှင် ဒေါ်မြင့်မြင့်ကြည်နှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့မှတာဝန်ရှိသူများ၊ မသန်းစွမ်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
အောင်ဇော်မင်း