ဆိပ်ဖြူ ဧပြီ ၁၂
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့ယောဝရက်ကွက် ဧရာဝတီမြစ်နှင့်ယောချောင်းဆုံရပ်တွင် မြန်မာရိုးရာအတာသင်္ကြန် ရွှေဆိပ်ဖြူလမ်းလျှောက်သင်္ကြန်ပွဲတော် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် လမ်းလျှောက်သင်္ကြန် ပွဲတော်ကျင်းပရေးကော်မတီက ရေသဘင်ပွဲတော်အတွက် လမ်းလျှောက်သင်္ကြန်မဏ္ဍပ် တည်ဆောက်ခြင်း၊ ရေကစားခြင်းအတွက် ရေလုံလောက်စွာရရှိရေးနှင့် ရေပိုက်လိုင်း၊ ရေပန်းများစီမံဆောင်ရွက်ခြင်း၊ လမ်းလျှောက်သင်္ကြန်၌ စတုဒိသာ ကျွေးမည့်နေရာများ ကြိုတင်စီမံဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး ၎င်းဆောင်ရွက်နေမှုလုပ်ငန်းများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု ၍ လိုအပ်သည့်ပြင်ဆင်ရေးလုပ်ငန်းများအား ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ ဇီဝိတဒါနငါးလွှတ်ပွဲတော်ကျင်းပမည့်နေရာအား သတ်မှတ်ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် ကျင်းပမည့် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးဘိုးဘွားပူဇော်ပွဲလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)