ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကျွဲနွားတိရစ္ဆာန်အစာ ၁၀၂၂၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကျွဲနွားတိရစ္ဆာန်အစာပင် ၁၀၂၂၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပုဇွန်တောင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာကျင်းပနိုင်ရေး ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအသင်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် အထွေထွေရွေးကောက်ပွဲ အပိုင်း-၂ တွင် ပါဝင်သည့် စဉ့်ကိုင်မြို့နယ်အတွင်းရှိ မဲရုံများ ပြင်ဆင်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလာပြီး ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း-၂ တွင် ပါဝင်သည့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ‌‌ပလိပ်ကျေးရွာအုပ်စု၊ ဈေးသစ်ရပ်ကွက်၊ အ.ထ.က (ပလိပ်) မဲရုံအမှတ် (၄) တွင်လည်းကောင်း၊ မြို့သစ်ရပ်ကွက်ရှိ အ.ထ.က (စဉ့်ကိုင်) မဲရုံအမှတ် (၁) တွင် လည်းကောင်း၊ တရုတ်စုရပ်ကွက်ရှိ အ.လ.က(ခွဲ) (တရုတ်စု) မဲရုံအမှတ် (၁) တွင်လည်းကောင်း၊ ဘယ်လင်းကျေးရွာအုပ်စု၊ တောင်ဦးဓမ္မာရုံ မဲရုံအမှတ် (၃)တွင် လည်းကောင်း၊ တောင်ရင်းကျေးရွာအုပ်စု၊ အ.မ.က (တောင်ရင်း) ရှိ မဲရုံအမှတ် (၁) တွင်လည်းကောင်း မဲရုံများ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအား လိုက်လံကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ် "ဒို့အတူတူမဲပေးကြမယ်" လက်ကမ်းစာစောင်များ ရပ်ကွက်/ကျေးရွာပြည်သူများထံသို့ ဆက်လက်ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊‌ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အပိုင်း (၂) တွင် ပြည်သူများ ဆန္ဒမဲပေးနိုင်ရန်အတွက် "ဒို့အတူတူမဲပေးကြမယ်" လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ရပ်ကွက်/ကျေးရွာပြည်သူများထံသို့ ဖြန့်ဝေလျက်ရှိသည်။

လွိုင်လင်မြို့၊ အမှတ်-၁ အခြေခံပညာမူလတန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

‎ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အမှတ်-၁၊ အခြေခံပညာမူလတန်းကျောင်းတွင် ၂၀၂၅-၂၀၂၆  ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကာယ/ ဉာဏ/ စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက “ ကြိုဆိုပါတယ်  စုံညီပွဲတော်” သီချင်းဖြင့်အခမ်းအနားကို စတင်ဖွင့်လှစ်ပေးခဲ့သည်။

အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ်၌ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ကစား

အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဖူဆယ်ပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၈ ရက် နံနက် ၈ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ဘောလုံးအားကစားပြိုင်ကွင်း၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာ ခင်မော်မော်စိုး၊ ဒေါက်တာမာလာယုအောင်၊ ဒေါက်တာဦးဝင်းနိုင်၊ ဖူဆယ်ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်မျိုးထွန်းနှင့်ကော်မတီဝင်များ၊ ဘောလုံးပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာလဲ့လဲ့ဝင်းနှင့်ကော်မတီဝင်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ (ဌာနမှူး) များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများ၊ စီမံဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

သာစည်မြို့၌ “ဒို့အတူတူ မဲပေးကြမယ်” လက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် ပါဝင်ရာ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေး နှင့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဇန်နဝါရီ ၈ ရက်နံနက်ပိုင်းက “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို လူစည်ကားရာနေရာများဖြစ်သော မိတ္ထီလာ-တောင်ကြီးကားလမ်းမဘေး မြို့နယ်ပြန်/ဆက်ရုံးအနီးနှင့် မြို့မဈေးကြီးတို့တွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့နယ်တွင် မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများအား ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများထံ ထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်နေ့တွင်ကျင်းပမည်ဖြစ်ရာ မဲရုံများတွင် အသုံးပြုမည့် မဲပေးစက်များနှင့်ဆက်စပ်ပစ္စည်းများအား ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ယနေ့နံနက်(၈) နာရီမှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ ခွဲများထံ စနစ်တကျထုတ်ပေးခဲ့ကြောင်း သိရသည်။

အမရပူရမြို့နယ်အတွင်းရှိ မဲရုံများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦးက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကျောက်မဲမြို့နယ်‌တွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြုနည်း သရုပ်ပြပွဲအခမ်းအနား ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ်(၉)ရပ်ကွက်ရှိ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုနည်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၂) ပတ္တမြားခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Subscribe to