ဆီဆိုင်မြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးဆောင်ရွက်

ဆီဆိုင်    ဧပြီ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက အ.ထ.က(ဆီဆိုင်)ကျောင်းရှေ့ ဆီဆိုင်-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးဘေး၌ ရေကစားမဏ္ဍပ်နှင့် စတုဒိသာကျွေးမွေးဧည့်ခံမည့် နေရာများအား တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးခွန်ကျော်ရန်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများတို့က အ.ထ.က(ဆီဆိုင်)ကျောင်းရှေ့ ဆီဆိုင်-လွိုင်ကော်ပြည်ထောင်စုလမ်းမကြီးဘေး၌ ရေကစားမဏ္ဍပ်နှင့်စတုဒိတာကျွေးမွေးဧည့်ခံမည့် နေရာများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။ ဆီဆိုင်မြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ရပ်ကွက်အလိုက် ရေကစားမဏ္ဍပ်များထားရှိခြင်း၊ စတုဒိသာကျွေးမွေးဧည့်ခံမည့်အစီအစဉ်များအပြင် မြန်မာ့ရိုးရာသနပ်ခါးသင်္ကြန်၊ လက်ဖက်သင်္ကြန်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)