နတ်မောက် ဧပြီ ၁၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းစည်းအဝေး ကျင်းပခြင်းကို ယနေ့နံနက်ပိုင်းတွင် နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြန်မာ့ရိုးရာလမ်းလျှောက်မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးပူးပေါင်းဆောင်ရွက်ကြန်၊ မြန်မာ့ရိုးရာလမ်းလျှောက် မဟာသင်္ကြန်ဖွင့်ပွဲကို အကြိုနေ့ နံနက်ပိုင်းတွင်ကျင်းပမည်ဖြစ်၍ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများဖြင့် စည်ကားစွာကျင်းပရန် ၊နှစ်ဆန်း(၁)ရက်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ နှစ်ကူးပရိတ်ရွတ်ဖတ်ခြင်းနှင့် မြို့ပေါ်ခုနစ်ရပ်ကွက်ရှိ သက်ကြီးဘိုးဘွားများအား သက်ကြီးပူဇော်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက လိုအပ်သည့်အကြောင်းအရာများကို တင်ပြဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ တင်ပြဆွေးနွေးခဲ့သည့် အကြောင်းအရာများကို ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဥမ္မာခင်