တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို ငါးလုပ်ငန်းဦးစီးဌာန၏ ငါး၊ ပုစွန်၊ ကမာ၊ ရေမှော်၊ ရေသတ္တဝါမွေးမြူရေးနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ (Forum) တက်ရောက်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြိတ်ကော်ပို ရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပသည့် ငါးလုပ်ငန်းဦးစီးဌာန၏ ငါးလုပ်ငန်း ဆိုင်ရာ သုတေသနရန်ပုံငွေထူထောင်မှု သဘောတူစာချုပ်အရ ငါး၊ ပုစွန်၊ ကမာ၊ ရေမှော်၊ ရေသတ္တဝါမွေးမြူရေးနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ (Forum)သို့ တက်ရောက်ခဲ့ကြသည်။