လယ်ဝေး ဇန်နဝါရီ ၁၆
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ် ၁ ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် အမေသန်းပြည်သူ့စာကြည့်တိုက် ၁၁ နှစ်ပြည့်အထိမ်းအမှတ် နှုတ်မှုစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ညနေပိုင်းက အဆိုပါစာကြည့်တိုက်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးအောင်ရွှေက စာကြည့်တိုက်စတင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့အထိ ရေရှည်တည်တံ့အောင် ဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် စာကြည့်တိုက်ကော်မတီအတွင်းရေးမှူး ဒေါ်စည်စည်ထွန်းက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် အမှတ်ပေးစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူ ၆၅ ဦးတို့က ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် စကားရည်လုပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ထို့နောက် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား မြို့နယ်ဦးစီးမှူးနှင့် စာကြည့်တိုက်ကော်မတီမှ တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထိုက်ထိုက်(ပြန်/ဆက်)