ရန်ကုန် ဇန်နဝါရီ ၁၆
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန (ရုံးချုပ်) ဖွင့်လှစ်သင်ကြားလျက်ရှိသော မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းသင်တန်းကို ယနေ့နံနက်(၉)နာရီခွဲတွင် သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါသင်တန်းတွင် ရန်ကုန်တိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးဥာဏ်ဝင်းနှင့် သင်တန်းနည်းပြများက မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာများနှင့် စပ်လျဥ်း၍ (၂) ရက်တာ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
ယင်းသင်တန်းသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအပါအဝင် သင်တန်းသား၊ သင်တန်းသူ (၁၀၀) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ဖြိုးသီဟ (ပြန်/ဆက်)