ကျိုက်မရော ဇန်နဝါ ရီ ၁၆
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာအတွင်းရှိ မြေအောက်ရေကိုအသုံးပြု၍ စားဖိုဆောင်ဟင်းသီးဟင်းရွက်ပင်များဖြစ်သည့် မုန်လာဥ၊ ဘိုစားပဲ၊ ပဲတောင့်ရှည်ပင်နှင့် ငရုတ်ပင်များကို မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသဖြင့် နေ့စဥ်ပုံမှန်ဝင်ငွေရရှိနေကြောင်း ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးရောင်းချသူ တောင်သူ ဒေါ်မြင့်မိုးထံမှ သိရသည်။
စားဖိုဆောင် ဟင်းသီးဟင်းရွက်ပင်များ ငရုတ်သီးပင်များကို ရာသီအလိုက် အချိန်မီစိုက်ပျိုးကြပြီး မြေအောက်ရေကို အသုံးပြုကာ စားဖိုဆောင်သီးနှံများကို စနစ်တကျ စိုက်ပျိုးပြီးသီးနှံပေါ်ချိန်၌ စျေးကောင်းလည်းရရှိပြီး အထွက်နှုန်းလည်းကောင်းသဖြင့် နေ့စဥ်တစ်ရက် ဝင်ငွေ ၅ သောင်းမှ တစ်သိန်းထိ ရရှိကြောင်း သိရသည်။
ဒေသခံတောင်သူများအနေဖြင့် ကလိုင်းကနိုင်ကျေးရွာလယ်မြေနှင့် ခြံဝင်းများတွင် သခွားသီး၊ ဗူးသီး၊ မုန်လာဥ၊ ငရုတ်ပင်၊ ကန်ဇွန်းပင် စသည်တို့ကို အများအပြားစိုက်ပျိုးသူလည်းရှိသဖြင့် မိသားစုဝင်ငွေတိုးရေး အထောက်အကူဖြစ်စေကြောင်း စိုက်ပျိုးရောင်းချသူ ဒေါ်မြင့်မိုးက ပြောသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)