ပန်းတနော်မြို့၌ မီးဘေးအန္တရာယ်လုံခြုံရေး အသိပညာပေး ဟောပြောပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မီးဘေးလုံခြုံရေးနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။