မင်းဘူးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး ဒေသတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်သွားနိုင်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့က မင်းဘူးမြို့၊ ခိုင်အောင် ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ပညာအလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်းတို့တွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။