ကျိုင်းတုံ ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့မဈေးကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဈေးသူဈေးသားများနှင့် တာဝန်ရှိသူများ စုပေါင်းလေ့ကျင့်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ်မီးသတ်မီးသတ်တပ်ဖွဲ့ဝင်များက အရေးပေါ် မီးလောင်ကျွမ်းမှု ဖြစ်ပေါ်သည့်အခါ စနစ်တကျ မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး အသုံးပြုနည်းများနှင့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များကို ဈေးသူ၊ ဈေးသားများနှင့် ပြည်သူများ သိရှိနိုင်စေရန်အတွက် အသိပညာပေးဟောပြောသည်။
ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်နှင့် ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာနဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက စျေးများတွင် မီးလောင်မှုဖြစ်ပွားပါက အလျင်အမြန် မီးငြိမ်းသတ်နိုင်ရေးအတွက် နေရာယူခြင်း၊ ဈေးသူ၊ ဈေးသားများအား မီးသတ်ဆေးဘူးများဖြင့် လက်တွေ့အသုံးပြု၍ စနစ်တကျ မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ကားများဖြင့် ရေဖျန်း၍ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်းများ စုပေါင်းလေ့ကျင့် ဆောင်ရွက်နေမှုအား ကျိုင်းတုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-၂ ဦးစိုင်းဆမ်တစ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဟိုး၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများ၊ ဈေးသူ၊ ဈေးသားများက ကြည့်ရှုအားပေးခဲ့ကြသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)