စလင်း ဇန်နဂါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ စည်ပင်သာယာစျေးကြီး အတွင်း/အပြင် ရောင်းချလျက်ရှိသည့် စျေးဆိုင်ခန်းများနှင့် စျေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့မစည်ပင်သာယာစျေးကြီး အတွင်း/အပြင် ရောင်းချလျက်ရှိသည့် စျေးဆိုင်ခန်းများနှင့် စျေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှု စစ်ဆေးရာ၌ စျေးဆိုင်ခန်းများတွင် တပ်ဆင်အသုံးပြုသည့် လျှပ်စစ်မီးကြိုးဝါယာကြိုးများ စနစ်တကျတပ်ဆင်ထားရှိမှု၊ စျေးဆိုင်ခန်းများတွင် မီးသတ်ဆေးဘူးများ ချိတ်ဆွဲထားရှိမှု၊ စျေးအတွင်း မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ပြင်ဆင်ထားရှိသည့် မီးသတ်ဆေးဘူး၊ မီးသတ်စက်ရေတွင်း၌ တပ်ဆင်ထားရှိသည့် စက်ပစ္စည်းများ မီးသတ်ပိုက်များကို လွယ်ကူလျင်
မြန်စွာသယ်ယူအသုံးပြုနိုင်ရေး မီးချိတ်၊ မီးကပ်များ ကြိုတင်ပြင်ဆင်ထားရှိမှု အမြင့်တင်ရေစင်နှင့် ရေတွင်းမှ ရေတွင်းမှရေကိုစုပ်ယူ၍ စမ်းသတ်မောင်းနှင်ခြင်း သွယ်တန်းထားသည့် ရေငုတ်၊ ရေပိုက်လိုက်များကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းတို့အား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် စည်ပင်သာယာ ဝန်ထမ်းများက စျေးကြီးအတွင်း/အပြင်ရှိ စျေးဆိုင်ခန်းများ၌ ဘုရားမီးပူဇော်ခြင်း၊ အမွှေးတိုင်မီးပူဇော်ထွန်းညှိခြင်း၊ ခြင်ဆေးခွေများ ထွန်းညှိခြင်းများအား အထူးသတိပြုဆင်ခြင်ကြရန် စျေးသူ၊ စျေးသားများနှင့် စျေးတာဂန်ခံနှင့် နေ့ညတာဝန်ကျဝန်ထမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(မောင်လွင်)စလင်း