မိုင်းဖြတ်မြို့နယ်၌ ဧက(၅၀) ဖရဲစိုက်ခင်းအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု​​လေ့လာ

မိုင်းဖြတ် ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဒေသအတွင်း သီထပ်စွမ်းအားစိုက်ပျိုးမှုများ မြင့်မားလာ​စေရန် ရည်ရွယ်၍ ​ဝမ်လုံးကျေးရွာ အုပ်စု၊ ပါညုကျေးရွာအတွင်း စိုက်ပျိုးထားသည့် ဖရဲစိုက်ခင်းအား ကွင်းဆင်းကြည့်ရှုခဲ့​ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်း​လေ့လာရာတွင် မြို့နယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ​တောင်သူများက စိမ်းရွှေဝါကုမ္မဏီမှ ​စနစ်တကျစိုက်ပျိုးလျက်ရှိသည့် ဧက(၅၀) ဖရဲစိုက်ခင်းအား ကွင်းဆင်း​လေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့​ကြောင်း သိရသည်။

အဆိုပါ ဖရဲစိုက်ပျိုးခြင်းသည် တောင်သူနှင့် ကုမ္မဏီအကျိုးတူဆောင်ရွက်ခြင်းဖြစ်ပြီး တောင်သူများ ဝင်ငွေပိုမိုရရှိခြင်း၊ ကုမ္မဏီမှ နိုင်ငံတော်သို့ အခွန်ပေးဆောင်ပြီး နိုင်ငံခြားသို့ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိခြင်း၊ နီးစပ်ရာ​ဒေသခံများ အလုပ်အကိုင်များရရှိသည့်အပြင် ​တောင်သူများအား ဖရဲစိုက်ပျိုး​နည်းပညာများကို မျှ​ဝေပေးနိုင်ခြင်း၊ ​ဒေသခံတောင်သူအများစုသည် မိုးစပါးကိုသာ အဓိကစိုက်ပျိုးကြပြီး သီးထပ်စိုက်ပျိုးမှုစွမ်းအား မြင့်မားလာမည်ဖြစ်​ကြောင်း တာဝန်ရှိသူများထံက သိရသည်။

​သန်းထွန်း​အေး(ပြန်/ဆက်)