ကွန်ဟိန်းမြို့၊ (Community Centre) ခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲအား ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကွင်းဆင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပြန်ကြားရေးဦးစီးဌာနသည် ဘုရားငါးဆူကျေးရွာအုပ်စု၊ အုန်းသုံးပင်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

လယ်ဝေးမြို့နယ်၊ အင်ပု အခြေခံပညာအလယ်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အင်ပု၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကျင်းပခဲ့သည်။

လယ်ဝေးမြို့ သီရိရတနာမြို့မဈေးတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော၍ မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့ နံနက် ၉ နာရီက လယ်ဝေးမြို့ သီရိရတနာမြို့မဈေးတွင် ဆောင်ရွက်ရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်အောင်နှင့် တပ်ဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်နှင့် တာဝန်ရှိသူများ၊ ဈေးသူ၊ ဈေးသားများ တက်ရောက်ခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး နေပြည်တော်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်သည်။

လှည်းကူးမြို့နယ်တွင် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ လှည်းကူးမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ပေးခဲ့သည်။

သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေများပုံမှန်ငှားရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များအတွင်းတွင် ယနေ့နံနက်(၉)နာရီမှ ညနေ ၄ နာရီခွဲအထိ စာအုပ်စာစောင်၊ ရသ၊ ဗဟုသုတရရှိစေသည့်စာအုပ်များကို ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နေ့လယ်(၁၂) နာရီကျောင်းဆင်းချိန်နှင့် ညနေ ၃နာရီခွဲကျောင်းဆင်းချိန်များတွင် ကျောင်းသား/ကျောင်းသူများက စာကြည့်တိုက်တွင်းသို့ စာအုပ်/စာစောင်များလာရောက်ငှားရမ်း ဖတ်ရှုလျက်ရှိကြောင်း သိရသည်။

မိုင်းခုတ်မြို့၊ အခြေခံပညာမူလတန်းကျောင်း(နောင်တုံ)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာမူလတန်းကျောင်း (နောင်တုံ)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်(၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ချောက်မြို့ ၆၆/၁၁ ကေဗွီ၊(၂၀)အမ်ဗွီအေ ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီးအဆင့် သက်ဆိုင်ရာဌာန အကြီးအကဲများလိုက်ပါကာ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်ပိုင်းက ချောက်မြို့နယ် ချောက်-ဂွေးချို ကားလမ်းအနောက်ဘက်တွင် တည်ရှိသော ချောက်မြို့ ၆၆/၁၁ကေဗွီ၊(၂၀)အမ်ဗွီအေ ဓာတ်အားခွဲရုံ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

စမ်းချောင်းမြို့နယ်၌ မီးဘေးလုံခြုံရေးအတွက် မြေအောက်ရေပိုက်ခေါင်း (Hydrants) များ၊ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင် စမ်းချောင်းမြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် မြေအောက် ရေပိုက်ခေါင်းများ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to