ပွင့်လင်းရာသီကာလ မီးဘေးကြိုတင်တားဆီးရေးအဖြစ် ပုပ္ပားတောင်ကလပ်ကျေးရွာတွင် မီးဘေးလုံခြုံရေးနှင့် စစ်ဆေးအသိပညာပေးခြင်းများဆောင်ရွက်

ပွင့်လင်းရာသီကာလတွင် မီးလောင်မှုမဖြစ်ပွားစေရေးနှင့် မီးဘေးကြိုတင်တားဆီးကာကွယ်ရေး အသိရှိကြစေရန်အတွက်၊ မီးဘေးလုံခြုံ ရေးနှင့် အသိပညာပေးခြင်း၊စစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ(၁)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီမှူးဦးဆောင်၍ ပုပ္ပားကျေးရွာအုပ်စု၊ တောင်ကလပ်ကျေးရွာ တောင်ကလပ်ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်၌ နို့စားနွားမွေးမြူရေး ချေးငွေများပေးအပ်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ပျဉ်သာကျေးရွာအုပ်စု သဲကုန်ကျေးရွာ မွေးမြူရေးနှင့်အထွေထွေသမဝါယမအသင်းထံသို့ မြို့နယ်သမဝါယမဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နို့စားနွားမွေးမြူရေးလုပ်ငန်း လျာထားချက်အပေါ် တိုးချဲ့မွေးမြူရေးနိုင်ရေးအတွက် ချေးငွေပေးအပ်ပွဲကို ယမန်နေ့က အဆိုပါကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် အမှိုက်များစနစ်တကျစွန့်ပစ်ရေး အသိပညာပေးကမ်ပိန်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် အမှိုက်များစနစ်တကျစွန့်ပစ်ရေး အသိပညာပေးကမ်ပိန်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က အ.ထ.က-၁ အနီး မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းမဘေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့ မြို့မဈေး၌ ဈေးမီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်

မြန်မာနိုင်ငံတွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာမှုနှင့်အတူ မီးလောင်မှုများလည်း ဒေသအနှံ့အပြား၌ မကြာခဏ ဖြစ်ပေါ်လျက်ရှိရာ ကရင် ပြည်နယ် ဘားအံမြို့နယ်တွင်‌ဈေးမီးလောင်မှု မဖြစ်ပွားစေရန်နှင့် မီးလောင်မှုဖြစ်ပွားလာပါက ထိရောက်လျှင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရေးအတွက် ဈေးမီးငြှိမ်းသတ်ရေး သဏ္ဍာာန်တူ ဇာတ်တိုက်လေ့ကျင်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက ဘားအံမြို့နယ် မြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင့် သိရသည်။

ပြင်ဦးလွင်မြို့တွင် သစ်လွင်သားဖွားများအား တာဝန်ပေးအပ်သည့် ဌာနဆိုင်ရာ အမိန့်စာပေးအပ်ခြင်း အခမ်းအနားကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သားဖွားသင်တန်းကျောင်း(ပြင်ဦးလွင်)၏ နဝမအကြိမ် သစ်လွင်သားဖွားများအား တာဝန်ပေးအပ်သည့် ဌာနဆိုင်ရာ အမိန့်စာပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်(အ.ထ.က)ထန်းပင်ချောင်ကြီးကျောင်း၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ပေါင်မြို့နယ် (အ.ထ.က)ထန်းပင်ချောင်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံရာသီက စိုက်ပျိုးခဲ့သည့် စပါးသီးနှံ ၆၉၉၉၉ ဧက ရာနှုန်းပြည့်  ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဆန်စပါးစားနပ်ရိက္ခာဖူလုံစေရန်အတွက် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် စပါး ၆၉၉၉၉ ဧကအား ယခုနှစ် ဇန်နဝါရီလ ပထမတ်တွင် ရာနှုန်းပြည့်  ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အုတ်တွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းကျင်မှုရှိစေရန်နှင့် ကျောင်းစာအပြင်ဗဟုသုတများတိုးပွားရရှိစေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲအား ယနေ့မွန်းလွဲပိုင်းအချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဝေါမြို့နယ်၊ ဆပ်သွား​ခြုံကျေးရွာ အ-ထ-ကကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဆပ်သွားခြုံကျောင်း၌ ကျင်းပသည်။

အလုံမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရေပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရေပြတ်လပ်မှုမရှိစေရေးအတွက် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့​သည်။
Subscribe to