သမဝါယမကောလိပ် (မန္တလေး)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ

မန္တလေး ဇန်နဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေရှိ သမဝါယမကောလိပ် (မန္တလေး)၏ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကောလိပ်ရှိ ရန်ကင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးက သမဝါယမကောလိပ် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ဆက်စကားပြောကြားပြီး၊ ပညာရည်ချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ဥပဒေချုပ် ဦးမြင့်အောင်တို့က ဆုများကိုအသီးသီးပေးအပ် ချီးမြှင့်ကြသည်။ ထို့နောက် သမဝါယမကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာတင်မူအေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ကောလိပ် ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေရေးအစီအစဥ်များဖြင့် ကပြဖျော်ဖြေခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အဆိုပါကောလိပ်ကျောင်းအတွက် ပညာရေး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ အခမ်းအနားသို့ တိုင်း/ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)