ကျောင်းကုန်းမြို့၌ မီးသတိမူရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နှင့် မြို့မဈေးကြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသတိမူရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ စုပေါင်းကာကွယ် မီးခိုးမြူငွေ့အန္တရာယ် အသိပညာပေး Talk Show ကျင်းပ

ဇေယျာသီရိမြို့နယ်၌ စုပေါင်းကာကွယ် မီးခိုးမြူငွေ့အန္တရာယ် အသိပညာပေး Talk Show ကျင်းပ ဇေယျာသီရိ ဇန်နဝါရီ ၁၅ ထွန်းလင်း(ဇေယျာမြေ)

ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒုတိယသီးနှံနွေစပါး (အောင်နိုင်တိုး) အား လက်ဆွဲကောက်စိုက်စက်နှင့် ကူဘူတာကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒုတိယသီးနှံနွေစပါး (အောင်နိုင်တိုး) အား လက်ဆွဲကောက်စိုက်စက်နှင့် ကူဘူတာကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ရင်းငြိမ်မြောက်ကျေးရွာ တောင်သူတစ်ဦး၏ လယ်မြေ၌ ပြုလုပ်ခဲ့သည်။

ငါးသိုင်းချောင်းမြို့တွင် အသက်(၇၀)နှင့်အထက် အဘိုးအဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက်(၇၀)နှင့်အထက် ဘိုးဘွားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တောင်တွင်းကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ အ.လ.က(၃)တွင် လူငယ်စကားဝိုင်း ကျင်းပ

ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝစေပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်တက်စေရန်ရည်ရွယ်၍  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခွဲ အ.လ.က(၃) ဘက်စုံသုံးခန်းမ၌  ကျင်းပခဲ့သည်။

မြစ်ကြီးနားမြို့၌ ဒေသထွက်တစ်သျှူးငှက်ပျောသီးဝိုင်နှင့် ဂရိတ်ဖရုဝိုင် ထုတ်လုပ်မှုနည်းပညာလွှဲပြောင်း သင်တန်းဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပြည်နယ်အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဒေသထွက်တစ်သျှူးငှက်ပျောဝိုင်နှင့် ဂရိတ်ဖရုဝိုင် ထုတ်လုပ်မှုနည်းပညာ လွှဲပြောင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲက မြစ်ကြီးနားမြို့ရှိ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

ညောင်တုန်းမြို့နယ်၌ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီကာလရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးလုံခြုံစိတ်ချရမှုရှိ‌စေရေးအတွက် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး အသိပညာပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်‌နေ့ နံနက်ပိုင်းက မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့သည်။

နမ့်စန်မြို့ အအမှတ်(၁)ကျေးရွာ အ.မ.ကတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ ဝမ်ပုံကျေးရွာအုပ်စု၊ အမှတ်(၁)ကျေးရွာအခြေခံပညာမူလတန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ကော့ကရိတ်မြို့၌ မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်း ဆယ်အိမ်စုမှူးသင်တန်း ကျင်းပပြုလုပ်

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဆယ်အိမ်စုမှူးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈:၃၀အချိန်က ကော့ကရိတ်ခရိုင် ပြည်သူ့ဆေးရုံ (တိုးချဲ့ဆောင်)၌ ပြုလုပ်ကျင်းပသည်။
Subscribe to