ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲကျင်းပ

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဌာနဆိုင်ရာများ၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းတို့နှင့်ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ပြည့်စုံပြီး ရရှိပြီးသားဗဟုတများ တိုးပွားရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး လူငယ်စကားဝိုင်းများ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပဆောင်ရွက်လျက်ရှိသည်။

တောင်ငူမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ပြည်သူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ကြသည်။

ပြည်မြို့ (အောင်ဆန်း)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပြည်မြို့(အောင်ဆန်း)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာ‌ပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူထားသည့် ဘဲမွေးမြူရေးခြံသို့ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကွမ်တာကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မွေးမြူထားရှိသည့် တောင်သူ ဦးချစ်ဆန်း၏ ဘဲမွေးမြူရေးခြံသို့ ယနေ့ နံနက် ၁၀ နာရီက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ပွင့်ဖြူ-မင်းဘူး-မကွေး သွားကားလမ်းဘေးရှိ စက်သုံးဆီ အရောင်းဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

လွိုင်လင်-လွိုင်မုံမိုင်းကျေးရွာလမ်း မြေသားမှ ကတ္တရာခင်းခြင်းလုပ်ငန်း စစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လွိုင်လင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လွိုင်လင်-လွိုင်မုံမိုင်းကျေးရွာလမ်း မြေမှ ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို တာဝန်ရှိသူများမှ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကျိုက်မရောမြို့နယ်၌ ဆီထွက်သီးနှံနေကြာ(၁၀၅၃)ဧက အောင်မြင်ဖြစ်ထွန်း

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းစိုက်ပျိုးထားသည့် ဆီထွက်သီးနှံနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်စက်မှုဇုန်အတွင်းရှိ စက်ရုံများ၌ မီးဘေးလုံခြုံစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်စက်မှုဇုန်အတွင်းရှိ စက်ရုံများ၌ မီးဘေးလုံခြုံစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

စေတုတ္တရာမြို့နယ်တွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသရုပ်ပြလေ့ကျင့်ခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသရုပ်ပြလေ့ကျင့်ခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာစျေးတွင် ယမန်နေ့ ညနေ ၃ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to