စေတုတ္တရာ မြို့နယ်၌ အသက် (၈၅) နှစ်အထက် သက်ကြီးအဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် အသက် (၈၅) နှစ်အထက် အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက် (၉) နာရီမှစတင်၍ ကုသဆောင်ရွက်ပေးခဲ့ကြသည်။

တိုက်ကြီးမြို့နယ်၌ နွေစပါး(Seeder)ဖြင့် တိုးချဲ့စိုက်ပျိုးရေး လှုံ့ဆော်ဆွေးနွေးခြင်းနှင့် ကွင်းလက်တွေ့စိုက်ပျိုးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် နွေစပါး (Seeder)ဖြင့် တိုးချဲ့စိုက်ပျိုးရေး လှုံ့ဆော်ဆွေးနွေးခြင်းနှင့် ကွင်းလက်တွေ့ စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဥတိုကျေးရွာအုပ်စု သဲပြားကျေးရွာ ကွင်းအမှတ် ၇၈၂(က)၊ ဦးပိုင်အမှတ် (၃၄) လယ်မြေ(၅)ဧက တောင်သူ ဦးထွန်းထွန်း၏ လယ်မြေပေါ်တွင် ကျင်းပကြောင်း သိရသည်။

စစ်တွေမြို့နယ် မှန်စီကျေးရွာသွားလမ်းပေါ်ရှိ ယာယီဘေလီသံဘောင် သစ်သားကြမ်းခင်းတံတား တည်ဆောက်နေမှု ကွင်းဆင်းစစ်ဆေး

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ နေပြည်တော်ရုံးချုပ်မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးထွန်းဝေသည် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့နယ် မှန်စီကျေးရွာသွားလမ်းပေါ်ရှိ ယာယီဘေလီသံဘောင် သစ်သားကြမ်းခင်းတံတား တည်ဆောက်နေမှု ကွင်းဆင်းစစ်ဆေးကြသည်။

ရွှေပြည်သာမြို့နယ် အမှတ် (၉) အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကျင်းပ

ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်တွင်ထူးချွန်ထက်မြတ်သည့် လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၉) အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ယနေ့နံနက် (၉) နာရီခွဲအချိန်က ကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ်တွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် ဆုံးရှုံးပျက်စီးခဲ့သည့် ဝက်များအစား နိုင်ငံတော်မှ ပြန်လည်ပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် အောင်ဇေယျရပ်ကွက်နှင့်မြဝတီရပ်ကွက်အတွင်း အိမ်မွေးဝက်အချို့ ရာဂီမုန်တိုင်းအရှိန်ကြောင့် ပျက်စီးခဲ့သည့် ဝက်များအစား နိုင်ငံတော်မှ ပြန်လည်အပ်ခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ပိုင်ရှင်များထံ ပြန်လည်ပေးအပ်သည်။

မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ညနေ (၃)နာရီအချိန်ခန့်က စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း ပေါင်းတည်မြို့နယ် နတ်ပုတီးဘဲမွေးမြူရေးခြံနှင့် မတ်ပဲ ၁၅၀ ဧက စံပြစိုက်ကွက်အားကြည့်ရှု

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းခရိုင်ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါလျက် ယမန်နေ့ညနေပိုင်းက ပေါင်းတည်မြို့နယ် ဘဲမွေးမြူရေးခြံနှင့် စံပြမတ်ပဲစိုက်ကွက်အား ကြည့်ရှုအားပေးခဲ့ကြသည်။

မြောက်ဥက္ကလာမြို့နယ် အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

ရန်ကုန်တိုင်း‌ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၅)အခြေခံပညာအလယ်တန်း‌ကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်  အဆိုပါကျောင်း ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် (အခမဲ့) ကွင်းဆင်းဆေးကုသပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် (အခမဲ့) ဆေးကုသပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်၊ ဗိုလ်ရုံလမ်းရှိ မြို့နယ်လူမှုဖူလုံရေးရုံး၌ ဆောင်ရွက်ပေးခဲ့သည်။
Subscribe to