ပြည်မြို့ (အောင်ဆန်း)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ပြည် ဇန်နဝါရီ ၁၅

ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပြည်မြို့(အောင်ဆန်း)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာ‌ပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါကျောင်းမှ အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၀၀ ခန့်အား ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်ကိုသန့်က လူငယ်နှင့်အနာဂတ်ရည်မှန်းချက်ကောင်းမွန်ရေးခေါင်းစဉ်ဖြင့် ဗလငါးတန်ဖွံ့ဖြိုးရေးဆိုင်ရာအကြောင်းကို အသိပညာပေးဆွေးနွေးဟောပြောပြီး ပြည်မြို့နယ်စာရေးဆရာအသင်းနာယက စာရေးဆရာမောင်စိမ့်စမ်း(သဲကုန်း) ကျောင်းအုပ်ကြီး(ငြိမ်း)က စာမေးပွဲအထောက်အကူပြုအကြံပြုချက် စာဖတ်နည်းများနှင့် ပြည်ထောင်စုတိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုအင်အားဖြင့် ပင်လုံစာချုပ်ချုပ်ဆို၍ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း၊ နိုင်ငံတော်လွတ်လပ်ရေးရရှိမှုအကြောင်းတို့ကို အသိပညာပေးဆွေးနွေးဟောပြောသည်။

ထို့နောက် ‌ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နယ်လှည့်ရွေ့လျားစာကြည့်တိုက်သုံးဘီးယာဉ်ဖြင့် ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်‌ စာစောင်များနှင့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်သိမှတ်ဖွယ်ရာအကြောင်းများ‌ ဖော်ပြပါဝင်သည့် လူငယ်အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစား ဖတ်ရှုလေ့လာကြကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)