လွိုင်လင် ဇန်နဝါရီ ၁၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လွိုင်လင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လွိုင်လင်-လွိုင်မုံမိုင်းကျေးရွာလမ်း မြေမှ ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို တာဝန်ရှိသူများမှ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဦးဇော်သက်နိုင်(လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဒေါ်နွေးတင့်လှိုင် ဦးစီးအရာရှိ(မြို့ပြ)နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အရည်အသွေးထိန်းသိမ်းရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေးရာ အဆိုပါလမ်းအား တင်ဒါအောင်မြင်ခဲ့သည့် လင်မြတ်နိုင်ကုမ္ပဏီမှ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြသည်။
အဆိုပါ လွိုင်လင်-လွိုင်မုံမိုင်း လမ်းမြေမှ ကတ္တရာခင်းခြင်းလုပ်ငန်းကို ပြည်နယ်ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေဖြင့်ဆောင်ရွက်ပြီး လမ်းအရှည် (0.649 km)အား (3.66 m) အကျယ်၊ (150 mm, 150 mm ,75 mm) ထု ကတ္တရာခင်းရန်၊ (225 mm)ထု အမာခံလမ်းပုခုံးခင်းခြင်းဆောင်ရွက်နေကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
လွိုင်လင်မိုး