ကျိုက်မရောမြို့နယ်၌ ဆီထွက်သီးနှံနေကြာ(၁၀၅၃)ဧက အောင်မြင်ဖြစ်ထွန်း

ကျိုက်မရော ဇန်နဝါရီ ၁၅

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းစိုက်ပျိုးထားသည့် ဆီထွက်သီးနှံနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်တွင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် အရေးပါသော ဆီထွက်သီးနှံများအား ရည်မှန်းချက်ပြည့်မီရေးအတွက် ယခုနှစ် ဆောင်းရာသီ၌ နေကြာ(၁၀၅၃)ဧကအားလျာထားချက်နှင့်အညီ စိုကိပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ အကူအညီကိုရယူကာ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးထားပြီး နေကြာတစ်ဧကလျှင် ၁၅ တင်းထွက်ရှိရေး တောင်သူများအား ​မြေသြဇာပက်ဖျန်းပေးခြင်းနှင့် လိုအပ်သောကြားပေါင်းလိုက်ခြင်း၊ အပင်သားခွဲခြင်းများဆောင်ရွက်ပေးလျက်ရှိရာ နေကြာစံပြစိုက်ခင်းအတွက် လိုအပ်သည်များ ဆက်လက်ဆောင်ရွက်နိုင်ရန်  တာဝန်ရှိသူများက စိုက်ပျိုးရေးဦးစီးဌာနနှင့် ပေါင်းစပ်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ချိုမြတ်မြတ် ထွေး (ပြန်/ဆက်)