မော်လမြိုင်မြို့နယ် သမဝါယမအသင်းစုနှင့် ဝင်းဆောက်လုပ်ရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်း၍ အဆင့်မြင့်လူနေတိုက်ခန်းနှင့်ဆိုင်ခန်းများဆောက်လုပ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် သမဝါယမအသင်းစုနှင့် ဝင်းဆောက်လုပ်ရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်တို့ အကျိုးတူပူးပေါင်း၍ အဆင့်မြင့်လူနေတိုက်ခန်းနှင့် ဆိုင်ခန်းများဆောက်လုပ်ခြင်းနှင့်စပ်လျဉ်း၍ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်သည် အသင်းမှတာဝန်ရှိသူများနှင့် မွန်ပြည်နယ်သမဝါယမဦးစီးဌာနတွင် ယနေ့နံနက်ပိုင်းက ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။