စေတုတ္တရာမြို့နယ်တွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသရုပ်ပြလေ့ကျင့်ခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်

စေတုတ္တရာ ဇန်နဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသရုပ်ပြလေ့ကျင့်ခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာစျေးတွင် ယမန်နေ့ ညနေ ၃ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသရုပ်ပြလေ့ကျင့်ခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ရာတွင် မီးသတိပြုခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ အသိပညာပေးခြင်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့်ပတ်သက်သော သတိပြုဖွယ်ရာများနှင့် မီးဘေးကြိုတင်ကာကွယ်ရေးစီမံချက် ဇာတ်တိုက်လေ့ကျင့်မှုလုပ်ငန်းများကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စျေးကော်မတီအဖွဲ့များ၊ စျေးသူစျေးသားများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ဆန်းကိုကို(ပြန်/ဆက်)