ဒဂုံအရှေ့ ဇန်နဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်စက်မှုဇုန်အတွင်းရှိ စက်ရုံများ၌ မီးဘေးလုံခြုံစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသက်ဇော် ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူးဦးမျိုးမြင့်အောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ရုံးမှတာဝန်ရှိသူများ၊ စက်မှုဇုန်ကော်မတီရုံးမှ ရုံးအဖွဲ့မှူးနှင့် ဝန်ထမ်းများက စက်မှုဇုန်အတွင်းရှိ သိုလှောင်ရုံ (၂) ရုံ၊ စက်ရုံ (၂) ရုံ၊ LPG ဖြန့်ဖြူးရေးလုပ်ငန်း (၁) ခုတို့ကို မီးဘေးလုံခြုံစေရေးစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် အရေးပေါ်ဆိုင်ရာများ စီစဥ်ဆောင်ရွက်ထားရှိမှု၊ စက်ရုံဝန်ထမ်းများမှ မီးငြိမ်းသတ်နိုင်ရန်၊ မီးသတ်ဆေးဘူးနှင့် မီးငြိမ်းသတ်ရာတွင် အသုံးပြုသောပစ္စည်းကိရိယာများအား ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုတက်စေရန်၊ အရေးပေါ်မီးသတ်ယာဥ်များ ဝင်ထွက်သွားလာနိုင်မှု၊ မီးငြှိမ်းသတ်ရေးအတွက် ရေကိုလုံလောက်စွာ စီစဥ်ဆောင်ရွက်ထားရှိမှုတို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇွဲမင်းထက်(ပြန်/ဆက်)