တောင်ငူ ဇန်နဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ပြည်သူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ကြသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ပူပြင်းခြောက်သွေ့သော နွေဦးရာသီသို့ ရောက်ရှိလာတော့မည်ဖြစ်၍ ပြည်သူများအား မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများနှင့် ကြိုတင်ကာကွယ်ရမည့်ပစ္စည်းများ အဆင်သင့်ထားရှိရေးတို့ကို အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)