ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မိုးသီးနှံပဲစင်းငုံစိုက်ခင်းများ စတင်သိမ်းဆည်းလျက်ရှိပြီး ယခင်နှစ်ကထက် သီးနှံအထွက်နှုန်း ကောင်းမွန်
မကွေးတိုင်းဒေသကြီး၊ ပွင်ဖြူမြို့နယ်တွင် မိုးသီးနှံရာသီက စိုက်ပျိုးခဲ့သည့် ပဲစင်းငုံစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန်ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက စတင်သိမ်းဆည်းခြွေလှေ့လျက်ရှိကြောင်း သိရကာ ယခုနှစ်တွင် မိုးရွာသွန်းမှုကောင်းမွန်ခဲ့သဖြင့် ပဲစင်းငုံသီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ယခင်နှစ်ကထက် သီးနှံအထွက်နှုန်းများ ကောင်းမွန်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာမှ ပဲစင်းငုံစိုက်ပျိုးတောင်သူများထံမှ သိရသည်။