စလင်းမြို့နယ်၌ ပန်းခင်းစီမံချက် အဆင့်(၃) အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရေးဆောင်ရွက် မှတ်ပုံတင်ကတ်ပြားများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေး

စလင်း ဇန်နဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ရုံးဝန်းအတွင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ စလင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ယနေ့နံနက်(၉)နာရီအချိန်က ပန်းခင်းစီမံချက် အဆင့်(၃)  အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရေးအတွက် စမတ်ကတ်ပြားများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စလင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ  ဝန်ထမ်းများက ဒေသခံပြည်သူများ နိုင်ငံသားစီစစ်ရေးကတ်ပြားများ  လူတိုင်းကိုင်ဆောင်နိုင်ရန်နှင့် မြို့နယ်အတွင်းရှိ  ပြည်သူများ အားလုံးခရီးသွားလာရန်နှင့်  စီးပွားရေးကိစ္စရပ်များတွင်  အဆင်ပြေချောမွေ့စွာ  လှုပ်ရှားသွားလာ လုပ်ကိုင်နိုင်ရန်နှင့် လူမှုစီးပွားဘဝအဆင်ပြေကြစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးတွင် အိမ်ထောင်စုစာရင်းများတွင် မိသားစုဝင်များ၏ လူဦးရေနှင့် အမည်စာရင်းများမှန်ကန်စွာ ထည့်သွင်းဖော်နိုင်ရေး မှတ်ပုံတင်ကတ်ပြားများအသစ် လဲလှယ်ပေးခြင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အသက်(၁၈) နှစ်ပြည့်ပြီးသူတိုင်း ကိုင်ဆောင်နိုင်ရန် အလွယ်တကူယူဆောင် သွားလာနိုင်ရာတွင်လည်းကောင်း ငွေသွင်း ငွေထုတ် ပြည်သူတို့၏ ဘဝအဆင်ပြေစေရန်အတွက် စမတ်ကတ်ပြားများကို နေ့ခြင်းပြီးဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသား/​ကျောင်းသူများနှင့် ပြည်သူတို့၏ မှတ်ပုံတင်ကတ်ပြားများကို အိမ်ထောင်စုမူရင်းနှင့်တကွ ထုတ်ယူသူ၏လက်မှတ်များကို ရိုက်နှိပ်၍ မှတ်ပုံတင်ကတ်ပြားများကို နံနက်(၉)နာရီခွဲအချိန်မှ နေ့လယ် (၂) နာရီအချိန်အထိ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ သိရသည်။​

(မောင်လွင်)စလင်း