မန်းရွှေစက်တော်ဘုရားကြီးတွင် တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ စတင်ဆောက်လုပ်နေပြီး ဘုရားဖူးများအား ညအိပ်တည်းခိုခွင့်ပြုမည်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ ဘုရားဖူးလာရောက်ကြသူများ တည်းခိုနားနေနိုင်ရန် မန်းချောင်းသောင်ပြင်အတွင်း၌ တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ စတင်ဆောက်လုပ်နေပြီး ပွဲတော်ကာလဘုရားဖူးများအား ညအိပ်တည်းခိုခွင့်ပြုမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီထံမှ သိရသည်။