ဟင်္သာတ ဇန်နဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့ရှိ ခရိုင်မီးသတ်ဦးစီးဌာနရုံး၌ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) မှ သင်တန်းသားများမှ လက်တွေ့သရုပ်ပြအခမ်းအနားကို ယနေ့ နံနက်၉နာရီက အဆိုပါရုံး၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ဝင်းမင်းအောင်၊ အဖွဲ့ဝင် (၂) ဦးအောင်မြင့်ဦး၊ ဟင်္သာတခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ခရိုင်မီးသတ်ဦးစီးမှူး ဦးဟိန်းသူဟန်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) မှ သင်တန်းသားများစုစုပေါင်းအင်အား (၇၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
အဆိုပါသရုပ်ပြပွဲတွင် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) မှ သင်တန်းသားများမှ ကြိုးကူးနည်းစနစ်များမှ ရှဉ့်ကူးနည်းစနစ်နှင့် ပလက်ကူးနည်းစနစ် တို့အားလည်းကောင်း၊ ကြိုးဆင်းနည်းစနစ်များမှ ရိုးရိုးကြိုးဆင်းနည်းစနစ်၊ ဇောက်ထိုးကြိုးဆင်းနည်းစနစ်နှင့် စလိုက်တင်ဇောက်ထိုး ကြိုးဆင်းနည်းစနစ်တို့အား လည်းကောင်း၊ ရေတွင်းအသက်ကယ်သရုပ်ပြခြင်း၊ အဆောက်အဦပြိုကျမှုဖြစ်စဉ်တွင် ပိတ်မိနေသောလူနာများအား ရှာဖွေကယ်ဆယ်ရေး သရုပ်ပြခြင်း၊ ယဉ်မတော်တဆဖြစ်ပွားမှုတွင် ကားအတွင်းညပ်နေသော လူနာများအား Power Unit များအသုံးပြု၍ ကယ်ဆယ်မှု သရုပ်ပြသခြင်းများပြုလုပ်ခဲ့ပြီး တက်ရောက်လာကြသော တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဟင်္သာတ
ခရိုင် (ပြန်/ဆက်)