မအူပင် ဇန်နဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြစ်တွင်းသွားဆေးရုံရေယာဥ် "ရွှေပုဇွန်"ဖြင့် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အလန်းကြီးကျေးရွာအုပ်စု၊ ကွမ်းသီးပင်စုကျေးရွာ၊ ဘုရားကြီးဘုန်းတော်ကြီးကျောင်း၊ လောကသရဖူသွန်းဘုရားကြီးတန်ဆောင်းတော်၌ အခြေပြုလျက် ဒေသခံပြည်သူများအား လာရောက်ဆေးကုသပေးမည်ဖြစ်ရာ ယနေ့နံနက် ၈ နာရီက တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများမှ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့အား မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မအူပင်ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောင်းသား/သူများ၊ ဒေသခံပြည်သူများမှ ကြိုဆိုခဲ့ကြပြီး အလန်းကြီးကျေးရွာအုပ်စု၊ ကွမ်းသီးပင်စုကျေးရွာ လောကသရဖူသွန်းဘုရားကြီးတန်ဆောင်းတော်၌ အခြေပြုလျက် ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ မအူပင်မြို့နယ်အတွင်းရှိဒေသခံ ပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ ဆက်)