အမာ ဇန်နဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၁) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နော်လေးလီယန်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းစာများအပြင် ပြင်ပဗဟုသုတများ ရရှိစေရန် စာအုပ်စာပေများ လေ့လာဖတ်ရှုရန် လိုအပ်ကြောင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း၊ လူကုန်ကူးမှုအကြောင်းများနှင့် ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး အကြောင်း များကို ဟောပြောခဲ့ပါသည်။
ဆက်လက်၍ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အမာ (ပြန်/ဆက်)