အင်္ဂပူ ဇန်နဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အသိပညာပေးဆွေးနွေးပွဲနှင့် လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုဦးစီးမှူး ဒေါ်နန့်နွယ်နှင်းမိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးပပစိုးရီက Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးမည့် နည်းလမ်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးပပစိုးရီနှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန့်နွယ်နှင်းမိုးနှင့်တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျို့သမီးရေးရာအဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် ကာကွယ်ဆေးတကြိမ်မှ မရရှိသေးသော အသက် (၁) နှစ်မှ (၅) နှစ်အောက်ကလေးငယ်များနှင့် ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသောအသက် (၁) နှစ်မှ (၅) နှစ်အောက်ကလေးငယ်များ မကျန်ရှိစေရေအတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို (၃) ကြိမ်၊ ၂ လစီခြား၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အင်္ဂပူမြို့နယ်တွင် (ပထမအကြိမ်) ကို ဇန်နဝါရီ ၂၀ ရက်နေ့မှစတင်ပြီး ဇန်နဝါရီ ၃၀ ရက်နေ့အထိ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မန်းကျော် (ပြန်/ဆက်)