ပြည်ကြီးတံခွန်မြို့နယ်တွင် ပညာတန်ဆောင်စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပညာတန်ဆောင်ရုပ်ပြ စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါမြို့နယ်ရှိ အ.လ.က (၂၁)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ​သည်။

ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လူငယ်စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လူငယ်စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ ပျဉ်းမနား ဇန်နဝါရီ ၁၉ မျိုးသီဟ(ပြန်/ဆက်)

သာစည်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်တို့၌ နွေသီးနှံ ဝါနှင့် နှမ်းသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်တွင်နွေသီးနှံ ဝါနှင့် နှမ်းပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး မြေပြင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ ခေါင်းဆောင်ဦးရွှေဇင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါပြီး သာစည်မြို့နယ် အောင်သာကျေးရွာနှင့် နှမ်းကန်ကျေးရွာတို့မှ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာပေ ချစ်မြတ်နိုးသူများအဖွဲ့နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့နှင့်ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန်က စာရေးဆရာ ဒေါက်တာကျော်စိန် ရေးသားသော လူငယ်လမ်းညွှန် စာအုပ်ကို စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။

မြဝတီမြို့ အ.လ.က (၁) ၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့မွှန်းလွဲ ၁ နာရီက အဆိုပါ ကျောင်းဝင်း၌ ကျင်းပသည်။

လွိုင်လင်မြို့တွင် မူလတန်းအဆင့် ရုပ်ပုံကားချပ်ကြည့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့တွင် ၂၀၂၄ ခုနှစ် ပညာတန်ဆောင်စာပေပြိုင်ပွဲ မူလတန်းအဆင့် ရုပ်ပုံကားချပ်ကြည့် စာစီစာကုံးပြိုင်ပွဲ (မြို့နယ်အဆင့်)ကို ယမန်နေ့နံနက်ပိုင်းက  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ကျွန်းစုမြို့၌ မူလတန်းအထက်ဆင့် ရုပ်ပုံကြည့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ပညာတန်ဆောင်စာပေပြိုင်ပွဲ၊ မူလတန်းအထက်ဆင့်ရုပ်ပုံကြည့် စာစီစာကုံးပြိုင်ပွဲကို ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပခဲ့သည်။

ကျွန်းစုမြို့နယ်အတွင်းရှိ ‌ဒေသခံပြည်သူများအား  တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က အခမဲ့ ဆေးကုသပေးမည်

တနင်္သာရီတိုင်း‌ဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ဆေးကုသပေးရန်အတွက် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ကမ်းကြီးကျေးရွာရှိ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ အမှတ် (၁၀) ရေတပ်ဆိပ်ခံတံတားသို့ ပင်လယ်သွားဆေးရုံသင်္ဘော (သံလွင်) ဖြင့် ရောက်ရှိခဲ့သည်။

မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများကို မြို့သစ်မြို့မစျေး၌ ယနေ့နံနက် ၇ နာရီက ဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကလေးစာဖတ်ခန်းတွင် မူလတန်းအဆင့်  ပုံပြင်ပြောပြိုင်ပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်းတွင်  စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မူလတန်းအဆင့်  ကျောင်းသား/သူများဖြင့် ယနေ့နံနက် ၉ နာရီ အချိန်က ပုံပြင်ပြောပြိုင်ပွဲ ပြုလုပ်ခဲ့သည်။
Subscribe to