ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဝါးခယ်မမြို့နယ်ရှိ ဆီထွက်သီးနှံ(နေကြာ)စံပြစိုက်ခင်းကြည့်ရှု၊ ဖျာပုံမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ဝါးခယ်မမြို့နယ်ရှိ ဆီထွက်သီးနှံ(နေကြာ) စံပြစိုက်ခင်း ကြည့်ရှုအားပေးခဲ့ပြီး ဖျာပုံမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် စာအောင်သံဃာတော်၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား စူဋ္ဌဘွဲ့နှင်းသဘင်နှင့်ဆွမ်းဆန်စိမ်းလောင်းလှူ

သာသနာတော်နေလပမာ အဓွန့်ရှည်ကြာစွာ စည်ပင်ပြန့်ပွားထွန်းလင်း၍ ပရိယတ္တိ၊ ပဋိပတ္တိဓူရနှစ်ဖြာနှင့်ပြည့်စုံသော ရဟန်း၊ သာမဏေ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များ စဉ်ဆက်မပြတ် ပေါ်ထွန်းနေစေရေး ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသက်နိုင် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်)တွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား နွေးထွေးပျူငှာစွာ ကြိုဆိုဂုဏ်ပြု

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့် (အင်္ဂလိပ်စာနှင့်သင်္ချာ)စွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်)တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများသည် ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ထားဝယ်လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသက်နိုင်၊ ပညာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ အခြေခံပညာကျောင်းပေါင်းစုံမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက နွေးထွေးပျူငှာစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
Subscribe to