ရန်ကုန်မြို့၌ ၂၀၂၅ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကျင်းပ

ပညာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးနှင့် မြန်မာကျောင်းသားများအနေဖြင့် အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များ၊ ပညာရေးလမ်းကြောင်းများနှင့် သင်တန်းများကို ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန်၊ အများပြည်သူကျောင်းသားလူငယ်များမှထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိစေရန်နှင့် အသိပညာများ ပိုမိုတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ ဆဋ္ဌမအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲ ၂ဝ၂၅ (ရန်ကုန်)ကို ယနေ့နံနက်ပိုင်းတွင် The Eravati Sule Grand Yangon Hotel ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ကော့မှူးတွင် ဆန်စပါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆန်စက်များ စနစ်တကျ မှတ်ပုံတင်နိုင်ရေး ကွင်းဆင်းကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်း အသုံးပြုလျက်ရှိသော ဆန်စက်များအား ဆန်စပါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်‌ရေး ဆန်စက်များ စနစ်တကျ မှတ်ပုံတင်နိုင်‌ရေးတို့ကို ယမန်နေ့မွန်းလွဲပိုင်းက‌ တောင်ပိုင်းရပ်ကွက်၊ ထမ္မနိုင်‌ကျေးရွာ၊ ဝါးဘလောက်သောက်ကျေးရွာ၊ သမင်ခြံကျေးရွာ၊ သခွတ်ပင်ကျေးရွာများသို့ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုဖြင့် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းကာ စျေးသူဈေးသားများ မီးဘေးကြိုတင်ကာကွယ်ရေး အသိသတိရှိကြစေရန်၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန်ရည်ရွယ်၍ သာယာဝတီမြို့၊ မြို့မစျေးကြီးနှင့် သုံးဆယ် မြို့မဈေးတို့၌ မီးသတိမူရေးနှင့်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နေ့လယ် ၂ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဗဟိုဘဏ်ဝန်ထမ်းဟောင်းများအသင်း ဝန်ထမ်းဟောင်းများ ပြန်လည်တွေ့ဆုံပွဲနှင့် ၂ဝ၂၄ ခုနှစ် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကျင်းပ

ဗဟိုဘဏ်ဝန်ထမ်းဟောင်းများအသင်း ဝန်ထမ်းဟောင်းများ ပြန်လည်တွေ့ဆုံပွဲနှင့် ၂၀၂၄ ခုနှစ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ပင်ရွှေညောင်လမ်းရှိ အလိုတော်ပြည့်ကျောင်းတိုက်၌ ကျင်းပရာ မြန်မာနိုင်ငံဘဏ်များအသင်း ဥက္ကဋ္ဌ ဒေါ်ခင်စောဦး၊ အသင်းနာယကများ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းသူ/အသင်းသားများနှင့် ဖိတ်ကြားထားသူများ စုံညီစွာတက်ရောက်ကြသည်။

မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉:၀၀)နာရီက အဆိုပါကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက “စုံညီပွဲတော်တို့နွဲပျော်”၊ “မင်္ဂလာပါ”သီချင်းသီဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ယုန်သလင်း) နယ်လှည့်အသိပညာပေး ဟောပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ယုန်သလင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ နယ်လှည့်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် အဆိုပါကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

သရက်မြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ရာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်ကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားများ တက်ရောက်ခဲ့သည်။

ကျိုက်လတ်၌ Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အသိပေးဆွေးနွေးပွဲနှင့်လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းဆွေးနွေးပွဲနှင့် လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ အ.မ.ကဘုရားကုန်း(၁)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ အ.မ.က ဘုရားကုန်း(၁)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနား ကို ဇန်နဝါရီလ ၁၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်တွင် မရှိ၍မလင်းသူမရှိစေရအစီအစဉ်ဖြင့် မျက်စိရောဂါအခမဲ့ခွဲစိတ်ကုသပြီးသော မျက်စိရောဂါဝေဒနာရှင်များအား ကျန်းမာရေးစစ်တမ်းကောက်ယူ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် မရှိ၍မလင်းသူ မရှိစေရအစီအစဉ်ဖြင့် မျက်စိရောဂါအခမဲ့ခွဲစိတ်ကုသပြီးသော မျက်စိရောဂါ ဝေဒနာရှင်များအား တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးစစ်တမ်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်ကြောင်း သိရသည်။
Subscribe to