ဒေးဒရဲမြို့နယ် တညင်ကုန်းကျေးရွာ၌ ကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ကျန်းမာရေးဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက် (၁၀) တညင်ကုန်းကျေးရွာ၊ ပေါ်တော်မူဘုရားဝန်းရှိ ဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်၌ ဆောင်းသီးနှံ စိုက်ပျိုးရာသီအတွင်း ဆောင်းသီးနှံစုံ ၆၇၈၅၇ ဧက စိုက်ပျိုးမည်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ဒေသခံတောင်သူများအနေဖြင့် သီးနှံဝင်ငွေတိုးပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရန်အတွက် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီအတွင်း ဆောင်သီးနှံစုံစိုက် ၆၇၈၅၇ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပဏာမကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခြခံတိုင်းရင်းဆေးပညာပေးသင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ချင်းပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ဟားခါးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံတိုင်းရင်းဆေးပညာသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၈ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား ၊ သင်တန်းသူများ တက်ရောက် ကြသည်။

သာပေါင်းမြို့၌ သတ္တမအကြိမ်မြောက် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဝိဇယ ဆရာတော်ဘုရားကြီး ဘဝနတ်နန်းစံမြန်းတော်မူသော(၇)နှစ်ပြည့်အထိမ်းအမှတ် ဒုတိယည ဓမ္မသဘင်ပူဇော်ပွဲစီရင်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း၊ ဓမ္မဗိမာန်ကျောင်းတိုက်၊ ဓမ္မ ဝိဇယ ဓမ္မာရုံ၌ သာသနာနှစ်-၂၅၆၈၊‌ ကောဇာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ နတ်‌တော်လပြည့်ကျော်(၁)ရက်နေ့၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၇ နာရီအချိန်က သတ္တမအကြိမ်မြောက် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဝိဇယ ဆရာတော်ဘုရားကြီးဘဝနတ်နန်းစံမြန်း‌တော်မူသော (၇)နှစ်ပြည့်အထိမ်းအမှတ် (၃)ရက် (၃)ညတာ ဓမ္မသဘင်ပူဇော်ပွဲ ဒုတိယညတရားပွဲစီရင် စတင်ကျင်းပကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနား တက်ရောက်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့သည်။

ကိုဗစ်‌ရောဂါကာကွယ်ဆေး (PFIZER  VACCINE) ဈေးများတွင် ကွင်းဆင်းထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနသည် မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမခံရစေရေး ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး (PFIZER VASCCINE)များ ထိုးနှံခြင်း ဆောင်ရွက်‌ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ (၇၁) ရပ်ကွက်ရှိ ဗဟိုရ်စည်ဈေးတွင် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား  မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသုဝေနှင့် ကျန်းမာရေး ဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးကြောင်း သတင်းရရှိသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အလုပ်သမားရေးရာညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့၀င်များ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင်တန်းကို ဒီဇင်ဘာ ၁၇ ရက်နေ့ နံနက်(၉)နာရီ၌ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနရှိ အမျိုးသား လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ပန်းတနော်မြို့နယ်ရှိ အ.မ.က(ရွာသစ်)ကျောင်းသို့ ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပညာရေးဌာနနှင့်ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်မားပြီး အသိပညာဗဟုသုတ စဉ်ဆက်မပြတ်တိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က ပန်းတနော်မြို့နယ် မြို့ကွက်သစ်ရပ်ကွက်၊ အ.မ.က(ရွာသစ်)ကျောင်းသို့ သုတ/ရသစာအုပ်စာစောင် မျိုးစုံယူဆောင်၍ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ရွှေဘိုခရိုင် သူနာပြုသင်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်

နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သူနာပြု သင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့သောင်းခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ကော့သောင်းခရိုင်ရုံးက ကြီးမှူးဖွင့်လှစ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံ သင်တန်း(၁/၂၀၂၄)ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနခရိုင်ဦးစီးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
Subscribe to