ရွှေဘိုခရိုင် သူနာပြုသင်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်

ရွှေဘို ဒီဇင်ဘာ ၁၉

နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သူနာပြု သင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က လူငယ်နှင့်ဆိုရှယ်မီဒီယာ အကြောင်းဟောပြောရာ “လူငယ်နှင့်ဆိုရှယ်မီဒီယာသည် ယနေ့ခေတ်တွင် အရေးပါသော ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ လူငယ်များအတွက် ဆိုရှယ်မီဒီယာသည် သတင်းအချက်အလက်ရယူရေး၊ ဆက်သွယ်ရေး၊ ပညာရေးနှင့်ဖျော်ဖြေရေးအတွက် အဓိက ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း၊  အကျိုးကျေးဇူးတွေနဲ့အတူ ပြဿနာများလည်းပါဝင်ကြောင်း၊ အမှား/ အမှန် ခွဲခြားသိရှိရန်လိုကြောင်း” ပြောကြားခဲ့ပြီး၊ ရွှေဘိုခရိုင် ဥပဒေအရာရှိ ဦးဗိုလ်ဗိုလ်နိုင်က လူငယ်နှင့်ဥပဒေရေးရာ အကြောင်းဟောပြောရာ “လူငယ်နှင့်ဥပဒေရေးရာသည်လူငယ်၏ အခွင့်အရေးများ၊ တာဝန်များနှင့် တရားဝင်လုပ်ဆောင်နိုင်မှုများနှင့်ဆိုင်သော အရေးပါသော အကြောင်းအရာတစ်ခုဖြစ်ကြောင်း၊ လူငယ်များသည် မိမိတို့ အသက်အရွယ်နှင့်အလိုက် အခြေခံဥပဒေအရ သတ်မှတ်ထားသော အခွင့်အရေးများကိုရယူရန်နှင့် တာဝန်ရှိမှုများကို ထိန်းသိမ်းရန်တာဝန်ရှိကြောင်း” ပြောကြားခဲ့သည်။ ဆက်လက်ပြီး ရွှေဘိုမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအောင်ဘုန်းညိုက လူငယ်နှင့်စာပေတန်ခိုးခေါင်းစဉ်ဖြင့် ဟောပြောရာ “လူငယ်များအနေဖြင့် စာပေကဏ္ဍကို အသုံးချကာ လွမ်းမိုးမှုရှိစေခြင်း၊ အကျိုးကျေးဇူးရစေခြင်းနှင့် အသိပညာနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှု ရရှိစေကြောင်း၊ စာပေသည် လူငယ်ဘဝအတွက် သိထားရမည့် အဓိကအရာတစ်ခုဖြစ်ပြီး၊ လူမှုအသိုင်းအဝိုင်းတွင် မျှတမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုများကို ဆောင်ရွက်နိုင်ရန်အတွက် စာပေဖတ်ရှုရန်လိုအပ်ကြောင်း” အသေးစိတ် ရှင်းလင်းဟောပြောခဲ့ကြကြောင်း သိရသည်။

အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရွှေဘိုမြို့နယ် စာရေးဆရာအသင်းအဖွဲ့ဝင်များနှင့် သူနာပြု သင်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ရွှေဘိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

အေးမြင့်စန်း(ပြန်/ဆက်)