လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အလုပ်သမားရေးရာညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့၀င်များ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

လှိုင်သာယာ (အရှေ့ပိုင်း) ဒီဇင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင်တန်းကို ဒီဇင်ဘာ ၁၇ ရက်နေ့ နံနက်(၉)နာရီ၌ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနရှိ အမျိုးသား လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် WCC အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင်တန်း ကျင်းပပြုလုပ်ရခြင်းမှာ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ကို အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖွဲ့စည်းနိုင်ရန်၊ အလုပ်ရှင်နှင့် အလုပ်သမားများအကြားတွင် အလုပ်လုပ်မှုအခြေအနေ၊ စည်းကမ်းချက်များ ဆွေးနွေးညှိနှိုင်းရန်၊ အလုပ်သမားများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးတို့ကို မြှင့်တင်ဆောင်ရွက်နိုင်ရန်၊ အလုပ်ရှင်၏အကျိုးစီးပွားကို မထိခိုက်စေဘဲ အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရန်၊ အငြင်းပွားမှုများကို တည်ဆဲအလုပ်သမားရေးရာ ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည့်အချက်များကို သိရှိနိုင်ရန်နှင့် အလုပ်ရှင်၊ အလုပ်သမားများအကြားဖြစ်ပွားသော အငြင်းပွားမှုများကို WCC တွင် ကနဦးဖြေရှင်းနိုင်ရန်၊ ပြေလည်မှုမရရှိမှသာ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ လွှဲပြောင်းပေးပို့ရန်လိုအပ်ကြောင်းနှင့် အငြင်းပွားမှုဖြေရှင်းရေးယန္တရားတွင် WCC ၏ အခန်းကဏ္ဍမှာ များစွာအရေးပါခြင်းကြောင့် အဖွဲ့ဝင်များအနေဖြင့် အလုပ်သမားရေးရာဥပဒေများကို သိရှိနားလည်ရန်လိုအပ်ကြောင်းကို အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းမင်းထွန်းမှ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ WCC အဖွဲ့ဝင်များ အရည်အချင်းပြည့်ဝနေစေရန်အတွက် အလုပ်သမားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဥပဒေများကို ဌာနအလိုက်တာဝန်ခံအရာရှိများက သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ ခုံသမာဓိကောင်စီဝင်များနှင့် ခုံသမာဓိအဖွဲ့ဝင်များက အငြင်းပွားမှုဖြေရှင်းရာတွင် ကြုံတွေ့ရသည့်အားသာချက်၊ အားနည်းချက်များကို အသေးစိတ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ WCC အဖွဲ့ဝင်များအား စွမ်းရည်မြှင့်သင်တန်းမှ အလုပ်သမားရေးရာဥပဒေများကို သိရှိနားလည်စေမည်ဖြစ်ပြီး လုပ်ငန်းခွင်အတွင်းဖြစ်ပွားသော အငြင်းပွားမှုကို ထိရောက်စွာဖြေရှင်းနိုင်မည့် အရည်အချင်းကောင်းများ ရရှိစေမှာဖြစ်ပါကြောင်း၊ WCC အဖွဲ့ဝင်များအနေဖြင့် အလုပ်သမားရေးရာဥပဒေများကို သိရှိနားလည်မှသာ WCC ထံ တင်ပြလာသည့် အငြင်းပွားမှုများကို ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး စွမ်းရည်မြှင့်သင်တန်းကို (၂)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ သင်တန်းနည်းပြများနှင့် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ စုစုပေါင်း (၆၀) ဦးခန့် တက်ရောက်လျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ