ဆိပ်ဖြူမြို့နယ်တွင် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုမြင့်မားတိုးတက်ရေး တောင်သူပညာပေး ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုမြင့်မားတိုးတက်ရေးအတွက်တောင်သူ ပညာပေးဆွေးနွေးဟောပြောပွဲကို ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးရုံး၌ ဆောင်ရွက်သည်။

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒိုးပင်ဆိပ်-(ရန်ကုန်-ပုသိမ်)လမ်း ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသာအားဖြင့် ဒိုးပင်ဆိပ်-(ရန်ကုန်-ပုသိမ်)လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့က တက်ရောက်ဖွင့်လှစ်ခဲ့ကြသည်။

ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားလာစေရန် ရုံးစာရေးသားနည်းသင်တန်း ဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်နှင့်မြို့နယ်ရုံးများတွင် တာဝန်ထမ်း‌ဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းသဘောသဘာဝနှင့် ရုံးလုပ်ငန်းတာဝန်များကို သိရှိနားလည်ပြီး မိမိတို့တာဝန်ယူဆောင်ရွက်ရသည့် ရုံးလုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာနှင့် ထိရောက်၊ ထက်မြက်စွာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ရုံးစာရေးသားနည်းသင်တန်းကို ယမန်နေ့ နံနက်ပိုင်းတွင် ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မြန်မာလူငယ်မိတ်သဟာယ  ခရစ်စမတ်အကြို Christmas Cantata သံစုံသီချင်းနှင့် အကပဒေသာပွဲတော်သို့ တက်ရောက်အားပေး

မြန်မာလူငယ် မိတ်သဟာယမှ ကြီးမှူးကျင်းပသည့် ခရစ်စမတ်အကြို Christmas Cantata သံစုံသီချင်းနှင့် အကပဒေသာပွဲတော် အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ MCC ခန်းမတွင် ကျင်းပကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်)၌ ကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME  လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ခရိုင် ၁၀ ခုမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ တိုင်းဦးစီးမှူးများ တက်ရောက်ကြသည်။

ကော်မတီအစည်းအဝေး တောင်ကြီးမြို့၌ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း အမှတ်စဉ် (၄/၂၀၂၄-၂၀၂၅) ကျင်းပ

ပြည်နယ်အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီအစည်းအဝေး အမှတ်စဉ်(၄/၂၀၂၄-၂၀၂၅)ကို ယမန်နေ့ နံနက် ၉ နာရီခွဲက တောင်ကြီးမြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မီနီမာရသွန်(အပျော်တမ်း၊ တစ်ဝက်၊ အပြည့်) အပြေးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားဝါသနာပါသူများ အပြေးလေ့ကျင့်လျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်နေ့ နံနက်(၆)နာရီတွင် မီနီမာရသွန်အပြေးပြိုင်ပွဲအား ပြိုင်ပွဲအမျိုးအစား(၃)မျိုးဖြင့် မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစီးနာယက ဦးအောင်ဇော်မိုးကြီးမှူးပြီး အားကစားနှင့်ကာယပညာဦးစီးဌာနက ပူးပေါင်းကျင်းပဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မြောင်းမြမြို့တွင် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ Grade-11 နှင့် Grade-12 တက်ရောက်နေသည့် ကျောင်းသူ၊ ကျောင်းသားများသည် အသက် ၁၇ နှစ်၊ ၁၈ နှစ်အရွယ်ဖြစ်ပြီး Grade - 12 ပြီးလျှင် အသက် ၁၈ နှစ်ထဲ ရောက်ရှိမည်ဖြစ်ရာ လူငယ်လူရွယ်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံသဘောတရားများကို နားလည်စေရန်၊ အပြည်ပြည်ဆိုင်ရာတွင် လက်တွေ့ကျင့်သုံးပုံများနှင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် အခြားသိသင့်သိထိုက်သည့် ပြဋ္ဌာန်းချက်များကို သိရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်းအမှတ်စဉ်(၂)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်(၁၂း၀၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

သထုံမြို့၊ သုဝဏ္ဏဈေးနှင့်မြို့မ‌ဈေးတို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပွင့်လင်းရာသီကာလ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ ပူးပေါင်းကာ ယမန်နေ့မွန်းလွဲပိုင်းက အောက်ကျင်းရပ်ကွက်ရှိ သုဝဏ္ဏဈေးနှင့် မြို့မဈေးတို့၌ မီးဘေးလုံခြုံရေး လိုက်လံစစ်ဆေးခဲ့ကြသည်။
Subscribe to